Asphalt Urban GT (Android/NDS) short gameplay and download link
Asphalt Urban GT (Android / Nintendo DS)
Asphalt ဂိမ်းကိုလဲ အတော်များများ မဆော့ဖူးရင်တောင် Play Store မှာ တော့ မြင်ဖူးကြပါလိမ့်မယ်။ အခုလက်ရှိအထိ Asphalt 9 အထိ ထွက်ရှိထားတဲ့ ဂိမ်းတွဲတစ်ခုပါ။ ဒီဂိမ်းလေးကို ၂၀၀၄ ခုနှစ်မှာ Gameloft ကနေ Nokia N-gage, Nintendo DS နဲ့ Java J2ME တို့အတွက် ဖန်တီးထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ နောက်ပြီးတော့ ဒီဂိမ်းဟာ Asphalt game series ရဲ့ ပထမဆုံး ပွဲဦးထွက် ဂိမ်းဖြစ်ပါတယ်။
Gameloft ရဲ့ ဂိမ်းတစ်ခုဖြစ်တဲ့အတွက် ဂိမ်းကောင်းလေးတစ်ခုဖြစ်တယ်ဆိုတာကိုထွေထွေထူးထူးပြောဖို့မလိုလောက်ပါဘူး။ အရင်တုန်းက Gameloft ဟာ mobile ဂိမ်းလောက မှာ ဂိမ်းကောင်းလေးတွေ ဖန်တီးပေးနေခဲ့တဲ့ game developer တစ်ခုပါ။ အခုထိလဲ ဖန်တီးနေကြတုန်းပါပဲ။ ဒါပေမယ့် နောက်ပိုင်း ထွက်လာတဲ့ Gameloft ဂိမ်းတွေက အရင်တုန်းက ဂိမ်းတွေလောက် မကောင်းတော့တာတော့ တကယ် ဝမ်းနည်းစရာပါ။
ဒီဂိမ်းလေးမှာ Map တွေအနေနဲ့ Paris တို့ New York တို့လိုမျိုး တကယ့် real world location တွေကို အခြေခံပြီး ဖန်တီးထားတာကိုတွေ့ရတယ်။ နောက်ပြီး ကားတွေ အနေနဲ့လဲ Lamborghini, Hummer, Volkswagen, Ferrari စသဖြင့် တကယ့် ကားစစ်စစ် ၂၃ စီးပါဝင်ပါတယ်။ ကျနော်တို့က ပြိုင်ပွဲတွေပြိုင်ပြီး ပိုက်ဆံတွေစုရပါတယ်။ ပြိုင်ပွဲတစ်ခုချင်းဆီမှာလဲ ဝင်ပြိုင်ခွင့်ရှိတဲ့ car list ပေးထားမှာဖြစ်ပြီး အဲ့ list ထဲက car တစ်စီးစီးရှိမှ ကျနော်တို့က အဲ့ပွဲကိုဝင်ပြိုင်နိုင်မှာပါ။ နောက်ပြီး ကိုယ့်ကားတွေကို Engine လဲတာတို့၊ ဘီးအကောင်းစားတွေလဲတာတို့၊ ဆေးမှုတ်တာတို့ စသဖြင့် စုံစုံလင်လင်ပါပါသေးတယ်။ နောက်ပြီး skin တွေပါ ဝယ်လို့ရပါသေးတယ်။ Graphic အနေနဲ့ ကတော့ ကျနော်တို့က DraStic နဲ့ဆော့ရမှာ ဖြစ်တဲ့အတွက် မူရင်း graphic ထက် အများကြီးမြှင့်ဆော့လို့ရပါတယ်။ Asphalt ဖန်တွေအနေနဲ့ ဆော့ကြည့်သင့်တဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်သလို မဆော့ဖူးကြသေးတဲ့လူတွေအနေနဲ့လဲ Gameloft ဆိုတဲ့ နာမည်တစ်လုံးတည်းနဲ့တင် ဆော့ကြည့်ဖို့ အကြောင်းပြချက်လုံလောက်မယ်ထင်ပါတယ်။
Asphalt Urban GT download link (9mb)
https://roms-download.com/roms/nintendo-ds/asphalt-urban-gt-usa
NDS emulator Drastic download link (7mb)
https://mega.nz/file/3zZRRCiR#0JbVfHj9r3b3duO84mUivPuoGmXjWqM1pJTn-I3omAU
Guide video
https://youtu.be/ZvGZE6nx1ic
Asphalt games collection
https://youtube.com/playlist?list=PLQlYdkUtrW1CM6NS8O3Jg_VHyyeGz-Yom
Nintendo DS games collection
https://youtube.com/playlist?list=PLQlYdkUtrW1D21G7VRSC3qLGRD5TYjOOF
Racing games collection
https://youtube.com/playlist?list=PLQlYdkUtrW1AsrS-eWNwUO4r9_YPaHchC
#Manutha_Gamer
Other Videos By MANUTHA GAMING
Other Statistics
Asphalt Urban GT Statistics For MANUTHA GAMING
MANUTHA GAMING presently has 37 views for Asphalt Urban GT across 1 video, with his channel publishing less than an hour of Asphalt Urban GT content. This makes up 1.10% of the content that MANUTHA GAMING has uploaded to YouTube.