Resident Evil 3: Nemesis (Android/GameCube) short gameplay and download link
Resident Evil 3: Nemesis (Android / GameCube)
ဒီဂိမ်းကို ၁၉၉၉ ခုနှစ်မှာ Capcom က PlayStation 1 အတွက် ဖန်တီးထုတ်လုပ်ဖြန့်ချီခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ Window နဲ့ Dreamcast ၊ ၂၀၀၃ ခုနှစ်မှာတော့ GameCube တို့မှာ ဆက်လက်ဖြန့်ချီခဲ့ပါတယ်။ ဒီဂိမ်းက Resident Evil series ရဲ့ တတိယမြောက်ဂိမ်းတစ်ခုဖြစ်ပြီး Resident Evil 2 မဖြစ်ခင်ကနေ Resident Evil 2 အပြီးထိ အချိန်ကာလတွေမှာ ဇာတ်အိမ်တည်ထားပါတယ်။
Resident Evil 2 မတိုင်မီ ၂၄ နာရီအလို ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှာ နည်းဗျူဟာနဲ့ ကယ်ဆယ်ရေးဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်တဲ့ S.T.A.R.S အဖွဲ့ဝင် Jill Valentine ဟာ Reccoon မြို့ကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူပါ။ Umbrella လို့ခေါ်တဲ့ ဆေးဝါးကုမ္ပဏီကနေ လျှို့ဝှက်တီထွင်ထားတဲ့ T-virus လို့ခေါ်တဲ့ ဇီဝလက်နှက်အသစ်တစ်မျိုးက Reccoon မြို့တစ်လုံးကိုကူးဆက်ပျံ့နှံ့သွားခဲ့ပြီး မြို့ရဲ့လူဦးအများစုက zombie တွေဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့က Jill နေရာကနေ ဆော့ကစားရမှာဖြစ်ပြီး Reccoon မြို့ကနေ လွတ်မြောက်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။
ဒီဂိမ်းက Resident Evil 1, 2 တို့နဲ့ ကစားပုံချင်းတော့အတူတူပါပဲ။ မတူတာရှိတယ်။ အဲ့ဒါက ဒီဂိမ်းက ရွေးချယ်မှုတွေပြုလုပ်ရတဲ့ အခိုက်အတန်လေးတွေရှိပါတယ်။ “ဒီကောင့်ကိုသတ်မလား ကိုယ်လွတ်ရုန်းပြေးမလား” ဆိုတာမျိုးပေါ့။ အဲ့ဒီမှာ ကိုယ်ရွေးချယ်တဲ့ ရွေးချယ်မှုကိုမူတည်ပြီး ending တွေက ပြောင်းလဲသွားမှာပါ။ အဲ့အချက်က Silent Hill နဲ့တောင် နဲနဲဆင်တင်တင်လေးပါ။ ဒါပေမယ့် Silent Hill လိုမျိုး Bad Ending တော့ မရှိပါဘူး။ နောက်တစ်ခုက ဒီဂိမ်းက အရင် 1 နဲ့ 2 ထက် နဲနဲစိတ်လှုပ်ရှားဖို့ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ Nemesis ဆိုတဲ့ကောင်ကြီးပါ။ ဒီကောင်ကြီးက Jill ကို ဂိမ်းတစ်လျှောက်လုံးလိုက်သတ်နေတာပါ။ ကျွန်တော်ကလဲ ပထမဆုံးစဆော့တာကို ဖျင်ယားပြီး hard နဲ့ သွားဆော့တော့ ပတ်ပြေးနေရတာများပါတယ်။ အရင်ဂိမ်းတွေမှာ Male character နဲ့ Female character နှစ်ယောက်ပေးထားပြီး တစ်ယောက်ရဲ့ story ပြီးရင် ကျန်တဲ့တစ်ယောက်ရဲ့ story ကိုဆက်ဆော့လို့ရပါတယ်။ ဒီဂိမ်းမှာတော့ Jill တစ်ယောက်ထဲနဲ့ဆော့ရမှာဖြစ်ပြီး ဂိမ်းရဲ့ အချိန်အနည်းငယ်လောက်ကို Carlos Oliveira နဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ Story အကုန်ဆော့ပြီးရင်လဲ Challenge game လေးတွေ ဆက်ဆော့လို့ရပါသေးတယ်။ ကျွန်တော်ကတော့ Re 1 နဲ့ 2 ထက် 3 ကိုပိုကြိုက်မိတယ်။ မြေပုံလဲပိုကျယ်ပြီး ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဆက်ရေးရင်ရသေးတယ် ဒါပေမယ့် စာရှည်လို့တော်ပီ 🥴 ဂိမ်းကောင်းလေးမို့လို့ ဆော့ကြည့်ပါလို့ အကြံပြုပါတယ်။
ဒီ GameCube version က PlayStation version နဲ့အကုန်အတူတူပါပဲ။ ထုံးစံအတိုင်း Graphic နဲ့ sound ကတော့ ပိုမြင့်သွားတာပေါ့။ snapdragon 632 အနည်းဆုံးရှိမှဆော့ဖို့ အကြံပြုချင်ပါတယ်။
Resident Evil 3: Nemesis download link (653mb)
https://www.romsgames.net/gamecube-rom-resident-evil-3-nemesis/
Dolphin Gamecube emulator download link (8mb)
Mega link
https://mega.nz/file/z6ZnDYYT#2WoZaJ40d8hP-PqnpzvDLH3V1DYtoK2gb4yfaLRA4s8
Media fire link
http://www.mediafire.com/file/bjgu190w7vgr9ch/Dolphin_5.0-10000-mmj.apk/file
Zip ဖြည်ရမယ့် App download link https://play.google.com/store/apps/details?id=ru.zdevs.zarchiver
GameCube ဂိမ်းတွေကို android ဖုန်းပေါ်မှာ ဆော့ကစားနည်း
https://youtu.be/H_orASCiO8E
Resident Evil games collection
https://youtube.com/playlist?list=PLQlYdkUtrW1C7EqiWZwex73qrN7Nq3_bx
GameCube games collection
https://youtube.com/playlist?list=PLQlYdkUtrW1BPOZB39vuCesxjDI9Muadl
Other Videos By MANUTHA GAMING
Other Statistics
Resident Evil 3 Statistics For MANUTHA GAMING
MANUTHA GAMING presently has 524 views for Resident Evil 3 across 2 videos, with his channel publishing less than an hour of Resident Evil 3 content. This makes up 3.10% of the content that MANUTHA GAMING has uploaded to YouTube.