Crash Bandicoot (Android/ PlayStation 1) gameplay & download link
Crash Bandicoot (Android/PlayStation 1)
Helloooo Gamers....
ဒီတစ်ခေါက်ကျနော် တင်ပေးမယ့် ဂိမ်းလေးက ငယ်ငယ်က မြေခွေးလမ်းလျှောက်လို့ ကျနော်တို့ သိထားတဲ့ Crash Bandicoot ဆိုတဲ့ Ps1 ဂိမ်းလေးဖြစ်ပါတယ်။
Crash Bandicoot ဂိမ်းဟာ ၁၉၉၆ ခုနှစ်မှာ PlayStation 1 အတွက် Sony Computer Entertainment ကနေ ထုတ်ဝေလိုက်တဲ့
ဂိမ်းတစ်ခုဖြစ်ပြီး Crash Bandicoot ဂိမ်းစီးရီးရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့ဂိမ်းလဲဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံအရှေ့တောင်ဘက်ကျွန်းစုတစ်ခုပေါ်မှာ ဒေါက်တာ Neo Cortex နဲ့ သူ့ ရဲ့ လက်ထောက် Dr. Nitrus Brio တို့ဟာ Evolvo-Ray လို့ခေါ်တဲ့ ကိရိယာကို အသုံးပြုပြီး ကျွန်းပေါ်ရှိတဲ့ သက်ရှိသတ္တဝါလေးတွေကို လူသားတွေ ထက်စွမ်းအားမြင့်မားပြီး ဉာဏ်ရည်မြင့်မားတဲ့ သတ္တဝါတွေ အဖြစ်ပြောင်းလဲပစ်ခဲ့ကြပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုတွေထဲမှာ Crash ဆိုတဲ့ သြစတြေးလျမြေကြွက်တစ်ကောင်ကို Cortex က တိရိစ္ဆာန်စစ်တပ်ရဲ့ခေါင်းဆောင်အဖြစ်ရည်ရွယ်ထားခဲ့ပေမယ့် ငြိမ်းချမ်းရေးကိုလိုလားတဲ့ Crash ဟာ ကမ္ဘာကြီးကိုချုပ်ကိုင်မယ်ဆိုတဲ့ ဒေါက်တာနှစ်ယောက်ရဲ့အကြံအစည်ကိုသိရတော့ စမ်းသပ်ခန်းကနေ ထွက်ပြေးပြီး လွတ်မြောက်ခဲ့ပါတယ်။ Crash လွတ်မြောက်ခဲ့ပေမယ့် Tawna ဆိုတဲ့ မြေကြွက်မလေးကတော့ စမ်းသပ်ခန်းထဲကျန်ခဲ့အတွက် Crash ဟာ Tawna ကိုကယ်တင်ဖို့ စမ်းသပ်ခန်းထဲကိုနောက်တစ်ကြိမ်ဝင်ရဦးမှာဖြစ်ပါတယ်။
Graphic ကတော့ ps1 ဆိုပေမယ့် ကာတွန်း graphic မို့လို့လားမသိဘူး တော်တော်အဆင်ပြေတယ်ပြောရမယ်။ Gameplay ကတော့ အတော် ဆော့လို့ကောင်းတာ။ ကျနော်တောင် ဂိမ်းအသစ်တင်ဖို့ စိတ်မရောက်ဘူး ဖုန်းဖွင့်တာနဲ့ဆော့တာ အခုဆို နောက်ဆုံး island တောင်ရောက်နေပြီ 🤣။ ဆော့နေရင်းနဲ့လဲ့ စိတ်လွတ်ပြီး ထောင်ချောက်နင်းမိတာတို့ ချောက်ထဲပြုတ်ကျတာတို့ဆို ထထအော်မိယောင်မိတာ ခနခနပဲ 😂။ မဆော့ရသေးရင်လဲ ကြိမ်းသေပေါက်ဆော့ကြည့်ကြဖို့ အကြံပေးချင်ပါတယ်ဗျာ။
PlayStation 1 ဂိမ်းဖြစ်တဲ့အတွက် Ps1 emulator ခံဆော့ရမှာဖြစ်ပါတယ်။
Ps1 emulator epsxe download link(7.53mb)
http://www.mediafire.com/file/cg28u0od2377w5m/ePSXe_for_Android_2.0.10_build_97.apk/file
Ps1 bio download link (512kb)
https://coolrom.com.au/bios/psx/
Crash Bandicoot Ps1 download link(439mb)
https://coolrom.com.au/roms/psx/39123/Crash_Bandicoot.php
ဖိုင်ဖြည်ရမယ့် App download link https://play.google.com/store/apps/details?id=ru.zdevs.zarchiver
How to play?
https://youtu.be/B5cdJXD_Zdo
Other Videos By MANUTHA GAMING
Other Statistics
Crash Bandicoot Statistics For MANUTHA GAMING
MANUTHA GAMING presently has 286 views for Crash Bandicoot across 1 video, with his channel publishing less than an hour of Crash Bandicoot content. This is less than 0.41% of the total video content that MANUTHA GAMING has uploaded to YouTube.