MegaMan (Android/ NES) gameplay & download link
Megaman
Hello Guys...
ကျနော် ဒီတစ်ခေါက် တင်ပေးချင်တဲ့ ဂိမ်းလေးက တစ်ချိန်က ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Capcom က ဂိမ်းလေးတစ်ခုဖြစ်တဲ့ Megaman ဂိမ်းလေးဖြစ်ပါတယ်။ ဒီဂိမ်းကို ၁၉၈၇ ခုနှစ်မှာ Capcom ကနေ Nitendo Entertainment System (NES) အတွက် ထုတ်ဝေခဲ့ပါတယ်။ Capcom က အစက ဒီဂိမ်းကို စီးပွားဖြစ်ထုတ်လုပ်ခဲ့တာ မဟုတ်ပေမယ့် gamer တွေဆီကနေ Postive review တွေ ရရှိခဲ့ပြီး အရမ်းပေါက်သွားပါတယ်။ နောက်ပိုင်းမှာလဲ နောက်ဆက်တွဲတွေအများကြီး ထွက်လာခဲ့ပြီး Megaman ရယ်လို့ game franchise ကြီး အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
ဒီဂိမ်းလေးမှာ ကျနော်တို့က Humanoid စက်ရုပ်လေး Megaman နေရာကနေ ဆော့ကစားရမှာ ဖြစ်ပြီး၊ ကမ္ဘာကြီးကို အန္တရာယ် ပြုဖို့ကြံနေတဲ့ Dr.Wily ရဲ့ အကြံအစည်တွေကို ဖျက်စီးရမှာဖြစ်ပါတယ်။ ဒါပေမယ့် Dr. Wily ကလဲ သူကိုယ်တိုင် ဖန်တီးထားတဲ့ Humanoid စက်ရုပ်တွေနဲ့ Megaman ကို ပြန်ဗျင်းမှာပါ။
ဒီဂိမ်းလေးဟာ တကယ့်ကို skill ကျကျဆော့ရမယ့် ဂိမ်းလေးပါ။ အရင်ဆုံး Humanoid ၆ ကောင်ကို အရင်ခြေမှုန်းရမှာဖြစ်ပြီး၊ ပြီးမှ Dr.Wily state ပေါ်လာမှာပါ။ ရန်သူတွေအကုန်လုံးမှာ အားနည်းချက်တွေ အားသာချက်တွေရှိကြပါတယ်။ ဒါတွေကိုမြင်နိုင်အောင်လဲ ခေါင်းသုံးရပါသေးတယ်။ကျနော်ကတော့ ဂိမ်းလေးကို တင်ပေးချင်ဇောနဲ့ save တွေ load တွေ လက်မလည်အောင်နှိပ်ပြီး ဆော့ခဲ့ရပါတယ်။ Dr. Wily state မှာ ဆို cheat code တွေပါ သုံးခဲ့ရပါတယ်😑။ တစ်ချိန်က ရွှေဂိမ်းလေးကို ဆော့ကြည့်ကြပါဦးဗျာ။
Mega Man download link (77.19kb)
https://www.retrostic.com/roms/nes/mega-man-390
Nostalgia NES emulator download link (3.3mb)
https://play.google.com/store/apps/details?id=com.nostalgiaemulators.neslite
Other Videos By MANUTHA GAMING
Other Statistics
Mega Man Statistics For MANUTHA GAMING
MANUTHA GAMING presently has 68 views for Mega Man across 1 video, with his channel publishing less than an hour of Mega Man content. This is less than 0.55% of the total video content that MANUTHA GAMING has uploaded to YouTube.