The Last Days | OFFLINE - 2022 First Gameplay & Review ( Android )
The Last Days ( Android )
° အသစ်ထွက်လာတဲ့ ဒီ Game လေးက The Last Of Us II ကို Inspire ယူထားတဲ့ Casual Adventure Game လေးဖြစ်ပြီး ဆော့ရတာလည်း ပေါ့ပေါ့ပါးပါးနဲ့မလို့ တကယ် သဘောကျကြမှာပါ။ The Last Of Us II လိုမျိုး လုံးဝတူတာကြီးမဟုတ်ဘဲ ဒီ Game မှာပါတဲ့ ပုံစံလေးတွေက သွားဆင်တူ နေတာမျိုးပါ။ ဇာတ်လမ်းကစ သင်က Zombie Apocalypse ထဲမှာ ရှင်သန်နေရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး လူသားအချင်းခြင်းတောင် မယုံရတော့တဲ့ အခြေနေမျိုးကို တွေ့ကြုံရမှာပါ။ Character ပိုင်းမှာလည်း တက်တူး လက်ပတ်စည်းတွေအပြင် ကျောပိုးအိပ်လေးကပါ ပိုဆင်တူနေတာကို တွေ့ရမှာပါ။
° Gameplay က Mobile VR Game တွေမှာ တွေ့ရသလိုမျိုးဘဲ သတ်မှတ်ထားတဲ့ နေရာတစ်ခုကို Point ချိန်ပေးရုံနဲ့ Auto သွားမှာဖြစ်ပြီး ပတ်ပတ်လည်ပါ စိတ်ကြိုက် ကြည့်ရှုလို့ရမှာပါ။ ရန်သူနားရောက်ရင် ဖြည်းဖြည်းလေး ဝပ်သွားတာတွေကစ သဘောကျစရာကောင်းပြီး နောက်ထပ် အတူဆုံးကတော့ Craft လုပ်တဲ့အခါ နောက်မှာပါတဲ့ ကျောပိုးအိတ်ကို ချပြီး ပစ္စည်းဖန်တီးတာတွေကစ The Last Of Us II လို scene မျိုးကို ခံစားရစေမှာပါ။ သာမန် Indie Developer ကနေ ဖန်တီးထားတာဆိုပေမယ့်လည်း ပေါ့ပေါ့ပါးပါးနဲ့ Graphic ကစ အတော်လေး အဆင်ပြေတာကြောင့် အသစ်ဆန်းတွေကိုမှ Try ခြင်တဲ့ Fan တွေတွက် စမ်းကြည့်သင့်တယ်လို့ အကြံပေးပါတယ်။
======================
- [ Android version : 5.1 + ]
- [ Size : 143 MB ]
- [ Network : Offline ]
==================
Download Link
°°°°°°°°°°°°°°°°°
Check Comment
=============
#helloydb