FLIGHT | OFFLINE - Gameplay & Review ( Android )
FLIGHT ( Android )
° ဒီ Game လေးကို Nepal နိုင်ငံက Indie Developer တစ်ဦးတည်းကနေ ဖန်တီးပေးထားတာဖြစ်ပြီး fly simulation ကိုမှ Open World အသွင်တင်မကဘဲ အေးချမ်းစေတဲ့ ပြရုပ်ကိုပါ ရည်ရွယ်ပုံဖော်ထားတဲ့ Game ကောင်းလေးတစ်ခုပါ။ Flight Title ရဲ့ ပထမဆုံးထွက်ရှိထားတဲ့ Premium Game တစ်ခုဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးနဲ့အတူ တောတောင်ရေမြေတွေရဲ့ သဘာဝအလှတွေကို Graphic Engine ကောင်းကောင်းနဲ့ ခံစားစေရမှာပါ။ ဒါ့အပြင် ဘုန်းတန်ခိုးအာနုဘော်ကြောင့် ငှက်တစ်ကောင်ကဲ့သို့ပါ အချိန်မရွေး ဖန်ဆင်းသွားလာနိုင်အောင်လဲ လုပ်ဆောင်လို့ရသေးတာကြောင့် အရမ်းသဘောကျကြမှာ သေချာပါတယ်။
° ဒီ Game ရဲ့ ရည်ရွယ်ချက်ကိုက အေးချမ်းမှုကို အသွင်ဆောင်ထားတာကြောင့် တာဝန်ဝတ္တရားတွေ ၊ သတ်ဖြတ်ခြင်းတွေ ပါဝင်မှာ မဟုတ်ဘဲ ငြိမ်းချမ်းစွာနဲ့ မြေပြင်ကော၊ လေဟင်ထက်မှာပါ လွတ်လွတ်လပ်လပ် စိတ်လွတ်ကိုယ်လွတ် ကစားနိုင်မှာပါ။ ဒါ့အပြင် ထူထပ်လှတဲ့ တောအုပ်ကြီးတွေ၊ စေတီပုထိုးတွေနဲ့ ရုပ်ထုတော်ကြီးတွေပါ ရင်သပ်ရှုမောဖွယ် တွေ့မြင်ရအုံးမှာပါ။ Graphic ပိုင်းကောင်းသလို ရာသီဥတုကစ စိတ်ကြိုက် ရွေးချယ်နိုင်ပြီး တကယ်ကို အရမ်းလှတဲ့ Environment တစ်ခုကို ငှက်တစ်ကောင်အနေနဲ့ ပျံသန်းရမှာဆိုတော့ စိတ်အေးချမ်းစေမယ့် Game ကောင်းလေးတစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်။
======================
- [ Android version : 5.0 + ]
- [ Size : 167 MB ]
- [ Network : Offline ]
==================
Download Link
°°°°°°°°°°°°°°°°°
Check Comment
=============
#helloydb