Aladdin (Android / GBA) gameplay & download link
Disney's Aladdin (Android/ Game Boy Advance)
ဒီတစ်ခါတင်ပေးလိုက်တဲ့ ဂိမ်းလေးကတော့ 1992 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Disney ရဲ့ အောင်မြင်ခဲ့တဲ့ Aladdin ကာတွန်းကားလေးကို ဂိမ်းတစ်ခုအဖြစ်ပြန်လည်ဖန်တီးထားတဲ့ Disney's Aladdin ဆိုတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဂိမ်းလေးကို 1993 ခုနှစ်မှာ Capcom က Super Nitendo Entertainment System (SNES) အတွက် ဖန်တီးထုတ်လုပ် ဖြန့်ချီခဲ့ပြီး 2003 ခုနှစ်မှာတော့ Game Boy Advance ဆီကိုပါ ရောက်ရှိခဲ့ပါတယ်။
Jafar ဟာ Jordan မြစ်အနီးမှာရှိတဲ့ Agrabah မြို့ရဲ့ မြို့တော်ဝန်တစ်ယောက်ပါ။ Jafar ဟာ သူ့ရဲ့ ငှက်တူရွေး Lago နဲ့အတူ ပျောက်ဆုံးနေတဲ့ The Cave of Wonders ဆိုတဲ့ လှိုင်ဂူကြီးထဲက မီးခွက်ကို လာရှာကြပါတယ်။ ဒါပေမယ့် လှိုင်ဂူကြီးက ထိုက်တန်တဲ့သူတစ်ယောက်ကိုသာ ပေးဝင်နိုင်မှာဖြစ်ပါတယ်။ Jasmine ဟာ Agrabah မြို့ရဲ့ မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။ တစ်နေ့မှာ Jasmine တစ်ယောက် သူမ,မချစ်မနှစ်သက်တဲ့ မင်းသားတစ်ပါးနဲ့ လက်ဆက်ပေးတာကို လက်မခံပဲ ထွက်ပြေးရင်း Aladdin လို့ခေါ်တဲ့ သူခိုးသူဝှက်လေးတစ်ယောက်နဲ့ အမှတ်မထင်တွေ့စုံခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့အချိန်မှာပဲ သူတို့နှစ်ဦးရှိရာကို မြို့စောင့်တပ်နဲ့ Jafar တို့ ရောက်ရှိလာပြီး မင်းသမီးလေးကိုရော Aladdin ကိုရောပါ ဖမ်းခေါ်သွားကြပါတယ်။ Jafar ဟာ Aladdin ကို Cave of Wonder လှိုင်ဂူထဲဝင်ဖို့ ထိုက်တန်တဲ့သူဖြစ်နိုင်မလားဆိုပြီး Cave of Wonder ထဲကို စေလွှတ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဂိမ်းဆော့ရင်း ခံစားကြည့်ကြပေါ့နော် 😉
Disney's Aladdin (Game Boy Advance) download link (2.31mb)
https://wowroms.com/en/roms/nintendo-gameboy-advance/aladdin-usa/12021.html
Game Boy Advance emulator Nostalgia GBA download link
https://play.google.com/store/apps/details?id=com.nostalgiaemulators.gbalite
Zip ဖြည်ဖို့မလို၊ ဂိမ်းဖိုင်ဒေါင်း၊ Nostalgia GBA install တင်ပြီး app ထဲဝင်ရုံနဲ့ ဂိမ်းတောင်ရှားရာမလိုဘဲ ဂိမ်းတန်းပေါ်လို့ အဆင်သင့်ဆော့ကစားရုံပါပဲခင်မျာ။
#Manutha_Gamer
Other Videos By MANUTHA GAMING
Other Statistics
Disney's Aladdin Statistics For MANUTHA GAMING
MANUTHA GAMING presently has 244 views for Disney's Aladdin across 1 video, with his channel publishing less than an hour of Disney's Aladdin content. This is less than 0.63% of the total video content that MANUTHA GAMING has uploaded to YouTube.