Tekken (Android / Arcade) gameplay & download link
Tekken (Android/ Arcade)
Tekken ဟာ Namco ကေန ဖန်တီးထုတ်ဝေခဲ့တဲ့ fighting အမျိုးအစား ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းကို ၁၉၉၄ ဒီဇင်ဘာလမှာ Arcade နဲ့ ၁၉၉၅ ခုနှစ်မှာ PlayStationတို့အတွက် ဖြန့်ချီခဲ့ပါတယ်။ ဒီဂိမ်းက အခုနာမည်ကြီး လူကြိုက်များနေတဲ့ Tekken game series ရဲ့ ပထမဆုံးဂိမ်းလဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းက အခြား ဂိမ်း franchise တွေလိုမျိုး ပထမဆုံးဂိမ်းနဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒုတိယမြောက်ထွက်တဲ့ Tekken 2 ကျမှ အောင်မြင်ခဲ့တာပါ။ Arcade version မှာ playable character ၈ ယောက်ပဲပါဝင်ခဲ့ပြီး PlayStation version မှာတော့ ၁၇ ယောက်တောင်ပါဝင်ခဲ့ပါတယ်။
ဒီဂိမ်းက ကျွန်တော်အခုထိ ဆော့ခဲ့ဖူးသမျှ fighting ဂိမ်းတွေထဲမှာ အားမရဆုံးပဲဗျ။ Graphic ကြီးကလဲ တလွဲကြီး။ Arcade version မှာတော့ အဲ့ Graphic က 13mb ရဲ့ Graphic ဆိုတော့ ထားလို့ရပေမယ့်၊ PlayStation version မှာတော့ 500 mb ကျော်ကြီးက ဒီ Graphic ကြီးလားဆိုပြီး တကယ် စိတ်လေမိတယ်။ Kamen Rider PlayStation 1 fighting game တောင် သူ့ထက် Graphic ကောင်းပါတယ်။
နောက်ထပ် PlayStation version ကိုဆော့မယ်သူတွေအနေနဲ့ gamepad တစ်ခုလောက်ကှိမှအဆင်ပြေမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ D-pad ကြီးနဲ့ fighting game နဲ့က ဘယ်လိုမှအဆင်မပြေပါဘူး။ နောက်ပြီး ကိုယ်က Virtual gamepad လေးနဲ့ဆိုတော့ screen ကို နှိပ်ရတာ အရသာပျက်ပါတယ်။
ကျွန်တော်ကတော့ ဒီ version ကို ပိုသဘောကျတယ်။ ဘာလို့လဲဆိုတော့ 13mb တည်းနဲ့ ဒီ Graphic နဲ့က ပေးရတာတန်တယ်။ နောက်တစ်ခုက fighting ဂိမ်းအမျိုးအစားဖြစ်တဲ့အတွက် Analog stick ပါတဲ့ Arcade နဲ့ဆိုတော့ ပိုအဆင်ပြေတယ်။
Tekken download link (13mb)
https://coolrom.com.au/roms/mame/11511/Tekken_(World,_TE4*VER.C).php
MEME4droid download link (37mb)
https://play.google.com/store/apps/details?id=com.seleuco.mame4droid
How to play?
https://youtu.be/6_Bmffc5ef4
Multiplayer ၂ ေယာက် ချိတ်ဆော့နည်း
https://youtu.be/472R05FaqDc
Other Videos By MANUTHA GAMING
Other Statistics
Tekken Statistics For MANUTHA GAMING
MANUTHA GAMING presently has 59 views for Tekken across 2 videos, with his channel publishing less than an hour of Tekken content. This is less than 0.84% of the total video content that MANUTHA GAMING has uploaded to YouTube.