God of War: Chains of Olympus (Android / PSP) gameplay & download link
God of War: Chains of Olympus (Android / PSP)
မင်္ဂလာပါ ငါးကောင်တို့ရေ...
ဒီနေ့တော့ အားလုံးရဲ့အချစ်တော် ခရစ်တိုကြီးရဲ့ God of War: Chains of Olympus ဆိုတဲ့ဂိမ်းလေးတင်ပေးလိုက်ပါတယ်။
ဒီဂိမ်းကို Ready at Dawn နဲ့ Santa Monica Studio တို့ကနေ ပူးပေါင်းဖန်တီးခဲ့ပြီး Sony Computer Entertainment ကနေ ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ 2008 ခုနှစ် March လ 4 ရက်နေ့မှာ PlayStation Portable (PSP) အတွက် ပထမဆုံးထွက်ရှိလာခဲ့ပြီး၊ 2011 ခုနှစ် September 13 ရက်နေ့မှာ remaster version အနေနဲ့ God of War: Ghost of Sparta နဲ့အတူ God of War: Origins Collection ဆိုပြီး PlayStation 3 အတွက် ထွက်ရှိလာခဲ့ပြန်ပါတယ်။
ဒီဂိမ်းဟာ God of War series ရဲ့ လေးခုမြောက်ထွက်ရှိလာခဲ့တဲ့ဂိမ်းတစ်ခုဖြစ်ပြီး story timeline အရ ဒုတိယဂိမ်းနေရာမှာ ရှိပါတယ်။ God of War: Ascension အပြီးမှာ မိသားစုကိုပြန်သတ်မိပြီး အဲ့အတိတ်ဆိုးက အမြဲနောက်ယှက်တာကိုခံနေရတဲ့ Kratos ကို အိုလံပစ်နတ်ဘုရားတွေက အကမ်းအလှမ်းတစ်ခုလုပ်ခဲ့ပါတယ်။ အိုလံပစ်နတ်ဘုရားတွေလက်အောက်မှာ အမှုထမ်းပြီး သူတို့ပေးတဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်ရင် ဒီ အတိတ်ဆိုးတွေကနေ လွတ်မြောက်အောင်လုပ်ပေးမယ်လို့ အိုလံပစ်နတ်ဘုရားတွေက ပြောခဲ့ပါတယ်။ ဒီလိုနဲ့ Kratos တစ်ယောက် အိုလံပစ်နတ်ဘုရားတွေလက်အောက်မှာ အမှုထမ်းနေရင်း ဆယ်နှစ်တာကြာမြင့်ခဲ့တဲ့အချိန်မှာ ပါရှာစစ်တပ်ရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းကိုခံနေရတဲ့ Attica မြို့ကို အကူအညီပေးဖို့အတွက် Kratos တစ်ယောက် စေလွှတ်ခံရပါတယ်။
PPSSPP သမားတွေ အကုန်နီးပါး ဆော့ဖူးကြမယ့် ဂိမ်းလေးတစ်ခုပါ။ ဆော့ဖူးတဲ့ သူတွေလဲ ပြန်ဆော့ရအောင် မဆော့ရသေးသူတွေလဲဆော့ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။
God of War: Chains of Olympus (PSP) download link (1.01gb)
https://coolrom.com.au/roms/psp/45668/God_of_War_-_Chains_of_Olympus_%28Europe%29.php
Zip ဖြည်ဖို့ app download link
https://play.google.com/store/apps/details?id=ru.zdevs.zarchiver
PSP emulator PPSSPP download link
https://play.google.com/store/apps/details?id=org.ppsspp.ppsspp
Guide video
https://youtu.be/C4Kh1QDmMlM
Other Videos By MANUTHA GAMING
Other Statistics
God of War: Chains of Olympus Statistics For MANUTHA GAMING
MANUTHA GAMING presently has 115 views for God of War: Chains of Olympus across 1 video, with his channel publishing less than an hour of God of War: Chains of Olympus content. This makes up 2.22% of the content that MANUTHA GAMING has uploaded to YouTube.