Escape From School I OFFLINE - 2022 Gameplay & Review ( Android )
Escape From School ( Android )
° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Admin ကိုယ်တိုင်ကို အတော်လေးသဘောကျပြီး Casual Game တွေထဲကိုမှ ထူးထူးခြားခြားနဲ့ Choice Storyline ကို ဦးစားပေး ဖန်တီးထားတဲ့ Horror Game လေးတစ်ခုပါ။ ဇာတ်အိမ်ကစ အရှေ့နောက်ကို သေချာ Movie ဆန်ဆန် ချိတ်ဆက်ပေးထားပြီး ဇာတ်ကောင် Character တွေပိုင်းမှာလဲ ဘယ်သူက မင်းသမီးလို့ သတ်မှတ်လို့မရအောင်ထိ ကိုယ့်ရဲ့ ရွေးချယ်မှု Manner တွေကြောင့် ပြောင်းလဲသွားတာကို တွေ့ရမှာပါ။
° ဒီတော့ Game ရဲ့ ပုံစံက Level 40 ထိပါဝင်ပြီး Level တစ်ခုခြင်းစီတိုင်းမှာ ဇာတ်လမ်းအရ ရွေးချယ်မှု အဖြစ်ပျက်တွေအပြင် ကြားထဲမှာပါ Mini Game လေးတွေ ထည့်ပေးထားပါသေးတယ်။ အထူးသဖြင့် ဇာတ်လမ်းက အတိတ်ကို ပြန်ပြန်ပြီး ချိတ်ဆက်ပေးထားတာကြောင့် ဇာတ်ရည်လည်ရင်းလည်ရင်း ဘာဆက်ဖြစ်မလဲဆိုတာ သိခြင်အောင်ထိ ဆွဲခေါ်သွားမှာပါ။ ရွေးချယ်မှုကြောင့် Extra Scenes တွေ ပိုတွေ့မြင်ရနိုင်သလို ပိုဆိုးတဲ့ အဖြစ်ပျက်တွေနဲ့ Death ဖြစ်တဲ့ထိ ကြုံတွေ့ရနိုင်ပါတယ်။ အဲတော့ ကြောက်စရာကောင်းတဲ့ ညမှာ ရှင်သန်ဖို့ဆိုတာက သင့်ရဲ့ ရွေးချယ်မှုပေါ်ဘဲ မူတည်နေတာနော်။
Note ( သတိပေးသည့်အပိုင်း )
Game အသစ်မလို့ Sound Error ပါနေသေးပေမယ့် Dialogue တွေကြည့်ရုံနဲ့ အဆင်ပြေစေမှာပါ။
=======================
- [ Android version : 5 . 0 + ]
- [ Size : 261 MB ]
- [ Network : Offline ]
================
Download Link
°°°°°°°°°°°°°°°°°
CHECK COMMENT
==========================
#helloydb #offline