SARCOPH - OFFLINE Gameplay & Myanmar Review ( Android / iOS )
° ဒီ Game လေးက Mobile Player တွေတွက် စိတ်လှုပ်ရှားစေမယ့် သည်းထိတ်ရင်ဖို Game ကောင်းလေးတစ်ခုဖြစ်ပြီး USA အခြေစိုက် Developer ဖြစ်တဲ့ David Turkiewicz တစ်ယောက်တည်းကနေ ဖန်တီးထားတဲ့ Premium Game ကောင်းလေးတစ်ခုပါ။ ဒီထဲမှာဆိုရင် သင်က စွန့်ပစ်အဆောက်အဦးကြီးတစ်ခုရဲ့ Secret Floor ထဲကို ဝင်ရောက်စူးစမ်းရမှာဖြစ်ပြီး ရှေးဟောင်းရုပ်ထုတွေကို ဓာတ်လှေကားနဲ့အတူ ပြန်သယ်လာပေးရမှာပါ။ ဒါပေမယ့် ဘယ်အရာမှ လွယ်လွယ်ကူကူမရနိုင်ဘူးဆိုသလို ဒီအဆောက်အဦးကြီးထဲမှာ နောက်ထပ် စောင့်ကြည့်နေတဲ့ Occupant guard ဆိုတဲ့ သတ္တဝါကြီးတစ်ကောင် ရှိနေပါသေးတယ်။
° Game ရဲ့ Graphic ကစ Realistic ဖြစ်တာကြောင့် Environment ရဲ့ HD Texture , Lighting Focus တွေအပြင် သတ္တဝါကြီးရဲ့ Character Development ကပါ တကယ်ကို ပီပီပြင်ပြင် Detail ဖန်တီးထားတာပါ။ ရုတ်တရက်ဆို Shock ရသွားနိုင်တာကြောင့် Jump Scare တွေ ၊ ပြေးလာတာတွေထက် ခြေသံနဲ့ အော်သံတွေကစ နည်းနည်းလေး အသံကြားရုံနဲ့ နှလုံးခုန်မြန်စေမှာ သေချာပါတယ်။ ဒီတော့ သတ္တဝါကြီးနဲ့ ထိတ်တိုက်မတွေ့ဘဲ ရှေးဟောင်းရုပ်ထုတွေကို ပြန်သယ်လာနိုင်ပါ့မလားဆိုတာကိုတော့ သင့်ရဲ့ ဆော့ရဲတဲ့သတ္တိနဲ့ ပုန်းနိုင်တဲ့ အရည်အချင်းပေါ်ဘဲ မူတည်ပါတယ်။ တစ်ခုတော့ရှိတယ်နော် တစ်ခါလေ ပုန်းနေတာတောင် ကုတင်အောက်ထဲထိ ခေါင်းကြီးစိုက်ဝင်လာတာမျိူးတွေထိ ကြုံရနိုင်ပါတယ်။ အဲတော့ နှလုံးရောဂါရှိရင် မဆော့တာ အကောင်းဆုံးဘဲ။
You Can Check More Review On Download link
======================
- [ Android version : 5.0 + ]
- [ Size : 310 MB ]
- [ Network : offline ]
===================
Download Link
°°°°°°°°°°°°°°
Check Comment
==========================
#HELLOYDB #offline #horrorgamesandroid