Trials Of Mana - Gameplay & Myanmar Review ( Android / iOS )
° ဒီတစ်ခါ Game လေးက Hello Fan တွေ ဆော့ကိုဆော့ကြည့်သင့်တဲ့ ARPG Game ကောင်းလေးတစ်ခုဖြစ်ပြီး Console ပေါ်မှာ 1 million ထိ ရောင်းအားကောင်းခဲ့တဲ့အပြင် PC နဲ့ Nintendo Switch တွက်တင်မကဘဲ Mobile ပေါ်ကိုပါ Official ရောက်ရှိလာတဲ့ AAA Quality အဆင့်ရှိတဲ့ Game ကောင်းလေးတစ်ခုပါ။ ဒီ Game ကို Square Enix ကနေ ထုတ်လုပ်ဖြန့်ချီပေးထားပြီး Playstore နဲ့ Apple Store မှာ $23.99 ဒေါ်လာနဲ့ရောင်းချပေးနေတဲ့အပြင် မြန်မာငွေနဲ့ဆိုရင် ၄၅၀၀၀ လောက်ထိရှိတဲ့ Premium Game တစ်ခုဆိုလည်း မမှားပါဘူး။
° ဒီ Game ဟာ ၁၉၉၅ ခုနှစ်က ဂျပန်မှာ လူကြိုက်များ Hit ဖြစ်ခဲ့တဲ့ Seiken Densetsu 3 ကို 3D Remake အဖြစ် ပြန်လည် ထွက်ရှိလာတာဖြစ်ပြီး Mana Series ဆော့တဲ့ Fan တွေတွက် အရမ်းကို ကျေနပ်စရာကောင်းတာပါ။ အဓိက ဇာတ်ကောင် ၆ ယောက်ထိပါဝင်မှာဖြစ်ပြီး တစ်ယောက်ခြင်းစီရဲ့ Background Storyline ကစ တူညီမှာမဟုတ်ပေမယ့် ဒီဇာတ်လမ်းရဲ့ အဓိကပန်းတိုင်ကတော့ Mana Sword ကို ရအောင်ယူပြီး ကမ္ဘာကြီးကို ကယ်တင်ပေးရမှာပါ။ Total Playtime ပေါင်း နာရီ ၂၀ ကျော်ထိရှိတဲ့ ဇာတ်လမ်းကို တွေ့မြင်ရမယ့်အပြင် နယ်မြေတွေအများကြီးကိုပါ စိတ်ကြိုက် Explore လုပ်ခွင့်ရမယ့် offline Action RPG Game ကောင်းတစ်ခုဖြစ်တာကြောင့် အရမ်းအရမ်းကို သဘောကျစေမှာ အာမခံပါတယ်။
You can read more review on download link
======================
- [ Android version : 7.0 + ]
- [ Total Size : 6 GB ]
- [ Network : Offline ]
====================
Download Link
°°°°°°°°°°°°°°
Check Comment
==========================
#HELLOYDB #offline #mobilegame