Resident Evil 2 (Android / PlayStation 1) gameplay & download link

Subscribers:
264
Published on ● Video Link: https://www.youtube.com/watch?v=_IAvtKU7wac



Resident Evil 2
Game:
Category:
Let's Play
Duration: 14:30
50 views
0


Resident Evil 2 (Android/ PlayStation 1)

အားလုံးပဲ မင်္ဂလာပါ...
ဒီဂိမ်းလေးကို 1998 ခုနှစ်မှာ Playstaion 1 အတွက် Capcom ကနေ ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။ နောက်ပိုင်း 1999 ခုနှစ်မှာတော့ Window၊ Nintendo 64 နဲ့ Dreamcast တို့အတွက်ထွက်ရှိလာခဲ့ပြီး 2003 ခုနှစ်မှာတော့ GameCube ပေါ်ကိုပါ ထက် မံရောက်ရှိလာခဲ့ပါတယ်။ 2019 ခုနှစ်မှာလဲ Resident Evil 2 remake ဆိုပြီး ထွက်ရှိခဲ့ပြန်ပါတယ်။ ဒီဂိမ်းဟာ Resident Evil 1 ရဲ့ နောက်ဆက်တွဲဖြစ်ပြီး Resident Evil game series ရဲ့ ဒုတိယမြောက်ဂိမ်းဖြစ်ပါတယ်။

ဒီဂိမ်းကို ပထမ Resident Evil 1 အပြီးနောက် ၂လ အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ 1998 ခုနှစ် September လ 29 ရက်နေ့မှာ အမေရိကန်နိုင်ငံ အနောက်တောင်အလယ်ပိုင်း တောင်တန်းဒေသက ရက်ကွန်းမြို့မှာ မြို့သူမြို့သားအများစုဟာ Umbrella ဆိုတဲ့ဆေးဝါးကုမ္ပဏီတစ်ခုကနေ လျှို့ဝှက်တီထွင်ထားတဲ့ Biological Wapon ဖြစ်တဲ့ T-virus တွေကူးစက်ခြင်းခံခဲ့ရပြီး Zombie တွေအဖြစ်ပြောင်းလဲသွားကြပါတယ်။ အဲ့အချိန်မှာ Leon S. Kennedy နဲ့ Calarie Redfield တို့ဟာ ရက်ကွန်းမြို့ကို တစ်ချိန်တည်းမှာပဲရောက်လာကြတယ်။ Leon က တော့ ရ​ဲအရာရှိတစ်ယောက်အနေနဲ့ သူရ​ဲ့ပထမဆုံးတာဝန်ကျရာနေရာဖြစ်လို့ရောက်လာတာဖြစ်ပြီး Calarie ကတော့ သူမရဲ့အကိုဖြစ်တဲ့ Chris ကို လာရှာတဲ့ ကောလိပ်ကျောင်းသူလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဝင်ဝင်ချင်းစောက်နဲ့ထွင်းဆိုသလိုပဲ ရက်ကွန်းမြို့ရောက်တာနဲ့ Zombie တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ပြေးရင်းလွှားရင်းနဲ့ တစ်ဦးန​ဲ့တစ်ဦးတွေ့စုံခဲ့ဖို့ ကံဖန်လာခ​ဲ့ပါတယ်။ (မှတ်ချက်။ ။မအေးအေးဝင်း မစီစဥ်ပါ။) ဒီလိုနဲ့ Leon က သူ့ကားပေါ် Calarie ကို တင်ပြီး ကားနဲ့မောင်းပြေးကြပါတယ်။ Calarie ကတော့ ဒီအဖြစ်အပျက်ကိုမြင်ပြီး သူမအကို ကို အတော်စိတ်ပူနေရှာပါတယ်။ Leon က Calarie သူမကိုယ်သူမ ကာကွယ်လို့ရအောင်ဆိုပြီး ကားထဲက pistol အပိုတစ်လက်ကို ပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကားနောက်ခန်းထဲဘယ်အချိန်က တက်စီးလာမှန်းမသိတဲ့ Zombie တစ်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ ကားထဲမှာ လူနှစ်ယောက်နဲ့ လူသေတစ်ကောင် ဝရုန်းသုံးကားဖြစ်နေတော့ ကားကလဲ ခြာခြာလည်ကာ ဓာတ်တိုင်ကို ကားဖင်နဲ့ ပြေးစောင့်ပါတယ်။ အရှိန်အရမ်းပြင်းတော့ ထိုင်ခုံခါးပတ်မပတ်တဲ့ Zombie ကမျာ ကားနောက်ကနေ လွင့်စင်ထွက်ပြီး ဓာတ်တိုင်ကို kissing ပြေးဆွဲပါတယ်။ အဲ့အချိန်မှာ Zombie driver မောင်းလာတဲ့ ဓာတ်ဆီကားကြီးက Leon တို့ ကားဆီ အရှိန်ပြင်းပြင်းနဲ့ ပြေးဝင်လာတော့ နှစ်ယောက်သားအလျင်အမြန်ကားထဲက ခုန်ထွက်ပြီး ကပ်သီးလေးမှာ ဓာတ်ဆီကားက Leon ကားကို ဝင်တိုက်ပြီး ပေါက်ကွဲမှုကြီးဖြစ်သွားခဲ့ပါတယ်။ Leon နဲ့ Calarie တို့ဟာ မီးလောင်နေတဲ့ ဓာတ်ဆီကားကြီးခြားထားလို့ တစ်ယောက် တစ်ကမ္ဘာစီဖြစ်သွားကြပါတယ်။ သူတို့နှစ်ဦး ရဲစခန်းမှာ ပြန်ဆုံမယ်လို့ ကတိပြုခဲ့ကြပြီး Zombie တွေ ပြည့်နှက်နေတဲ့ အိမ်မက်ဆိုးကြီးထဲကို ရည်မှန်းချက်တစ်ယောက်တစ်ခုစီနဲ့ တိုးဝင်ခဲ့ကြပါတယ်။

ဒီဂိမ်းလေးမှာ ကျွန်တော်တို့ က Leon's Story နဲ့ Calarie's Story ဆိုပြီး နှစ်ခု ကစားလို့ရပါတယ်။ ဒီဂိမ်းမှာ ပထမဂိမ်းက Chris နဲ့ Jill တို့ရဲ့ Story တွေလိုမျိုး ဆက်ဆက်မှု မရှိဖြစ်နေတာမျိုးမဟုတ်တော့ပါဘူး။ Story နှစ်ခုစလုံးကို ဆော့မှ ဂိမ်းရဲ့ ဇာတ်လမ်းကြီးက ရှင်းရှင်းလင်းလင်းဖြစ်လာတာပါ။ Story နှစ်ခုပေါင်းမှ ဇာတ်လမ်းတစ်ပုဒ်ပါ။ Gameplay ကတော့ Resident Evil 1 လိုပါပဲ။

ဒီ version လေးကတော့ အလတ်စားလေးပေါ့။ Graphic လဲ ကောင်းသလို အသံပိုင်းလဲ ကောင်းတယ်။ နောက်ပြီး ကျနော်အခုတင်ပေးထားတာက Original game နဲ့ Arrange game ဆိုပြီးနှစ်မျိုးပါပါတယ်။ Original game ကတော့ ပုံမှန်ပါပဲ။ Arrange game မှာကျတော့ ဂိမ်းစကတည်းက ကျနော်တို့က SMG သေနတ်ကို infinite ammo နဲ့ ဆော့ရမှာပါ။ အဲ့တစ်လက်တင်မဟုတ်ပါဘူး။ သေတ္တာရှာတွေ့ရင်လဲ အဲ့သေတ္တာထဲမှာ luncher နဲ့ HMG နှစ်လက်ကိုလဲ infinite ammo နဲ့ ထပ်ရဦးမှာပါ။ ကျနော်ကတော့ အရင် version တွေမှာတုန်းက zombie တွေလက်က ပတ်ပြေးခဲ့ရသမျှ ဒီတစ်ခါတော့ ဒင်းတို့ကို အကုန်သတ်တော့တာပါပဲ။ တစ်ကောင်မှကို အရှင်မထားတာ🤣။ အဲ့တော့ ငါ့ကောင်တို့လဲ ဆော့ကြည့်ကြပေါ့နော်။

Resident Evil 2 download link
Disc 1 (376.49mb)
https://m.coolrom.com.au/roms/psx/39883/Resident_Evil_2_-_Dual_Shock_Ver._%28Disc_1%29_%28Leon%29.php
Disc 2 (378.92mb)
https://m.coolrom.com.au/roms/psx/39965/Resident_Evil_2_-_Dual_Shock_Ver._%28Disc_2%29_%28Claire%29.php

Ps1 emulator epsxe download link(7.53mb)
http://www.mediafire.com/file/cg28u0od2377w5m/ePSXe_for_Android_2.0.10_build_97.apk/file

Ps1 bio download link (512kb)
https://coolrom.com.au/bios/psx/

How to play?
https://youtu.be/B5cdJXD_Zdo




Other Videos By MANUTHA GAMING


2021-06-20Tekken (Android / Arcade) gameplay & download link
2021-06-20Ben 10: Protector of Earth (Android / Wii) gameplay & download link
2021-06-20Ben 10: Protector of Earth (Android / PSP) gameplay & download link
2021-06-20PlayStation Portable (PSP) ဂိမ်းတွေကို Android ဖုန်းပေါ်မှာ ဆော့ကစားနည်း
2021-06-19Ben 10: Protector of Earth (Android / Nintendo DS) gameplay & download link
2021-06-19Grand Theft Auto (Android / PlayStation 1) gameplay & download link
2021-06-19Golden Eye 007 (Android / Nintendo 64) gameplay & download link
2021-06-19Contra (Android / NES) gameplay & download link
2021-06-19Fatal Fury: King of Fighters (Android / Arcade) gameplay & download link
2021-06-18Resident Evil 2 (Android / GameCube) gameplay & download link
2021-06-18Resident Evil 2 (Android / PlayStation 1) gameplay & download link
2021-06-18Resident Evil 2 (Android/ Nintendo 64) gameplay & download link
2021-06-18Nintendo 64 (N64) ဂိမ်းတွေကို android ဖုန်းပေါ်မှာ ဆော့ကစားနည်း
2021-06-17The Legend of Zelda (Android/ NES) gameplay & download link
2021-06-17Super Mario Bros. 2 or Super Mario Advance (Android/ GBA)
2021-06-17Manutha-Gamer
2021-06-17Pokèmon LeafGreen (Android/ GBA) gameplay & download link
2021-06-16Eyes (Android/ offline) gameplay & download link
2021-06-16Max Payne (Android/ offline) gameplay & download link
2021-06-16Resident Evil: Deadly Silence (Android/ Nintendo DS) gameplay & download link
2021-06-16Nintendo DS ဂိမ်းတွေကို android ဖုန်းပေါ်မှာ ဆော့ကစားနည်း



Other Statistics

Resident Evil 2 Statistics For MANUTHA GAMING

At this time, MANUTHA GAMING has 220 views for Resident Evil 2 spread across 3 videos. His channel published less than an hour of Resident Evil 2 content, roughly 4.00% of the content that MANUTHA GAMING has uploaded to YouTube.