The Legend of Zelda (Android/ NES) gameplay & download link
The Legend of Zelda ( Android/ Nes)
အားလုံးပဲ မင်္ဂလာပါ...
ဒီတစ်ခါ rpg ဂိမ်းလောကမှာ နာမည်ကြီး game franchise တစ်ခုဖြစ်တဲ့ Legend of Zelda ဂိမ်းနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဂိမ်းကို ၁၉၈၆ ခုနှစ်မှာ Shigeru Miyamoto နဲ့ Takashi Tezuka တို့က ဖန်တီးခဲ့ကြပြီး Nintendo ကနေ Family Computer Disk System (FC) အတွက် ဖြန့်ချီခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာ Nintendo Entertainment System (NES) အတွက် ထုတ်ဝေခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Game Boy Advance (GBA) အတွက် classic nes series ဆိုပြီး ထွက်လာခဲ့ပြန်ပါတယ်။ နောက်ပြီးတော့ ဒီဂိမ်းဟာ Legend of Zelda game franchise ရဲ့ ပထမဆုံးဂိမ်းလဲ ဖြစ်ပါတယ်။
Ganno ဆိုတဲ့ မကောင်းဆိုးဝါးတစ်ကောင်ဟာ Hyrule လို့ခေါ်တဲ့ အံ့ဖွယ်တိုင်းပြည်ရဲ့ မင်းသမီး Princess Zelda ကို ဖမ်းစီးသွားခဲ့ပါတယ်။ နတ်သူငယ်လေးတစ်ယောက်ဖြစ်တဲ့ Link ဟာ Princess Zelda ကို ကယ်တင်ဖို့ တာဝန်ရှိပါတယ်။
ကျနော်တို့က Link နေရာကနေ ကစားရမှာပါ။ rpg ဂိမ်းတွေရဲ့ ထုံးစံအတိုင်း map တစ်ခုလုံးအနှံ့သွားပြီး လျှို့ဝှက်ချက်တွေကိုရှာရမယ်။ အကောင်တွေကိုသတ်ပြီး crystal တွေကိုစုပြီး လက်နှက်အကောင်းစားတွေဝယ်လို့ရမယ်။ rpg ဂိမ်းအတော်များများ ရန်သူကိုများများသတ်လေ ကိုယ်က စွမ်းအားပိုကြီးလေဖြစ်ပြီး စွမ်းအားကြီးရင်နိုင်ဖို့ပိုလွယ်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းကအဲ့လိုမဟုတိပါဘူး။ လက်နှက်အကောင်းစားတွေရှိပြီး ရန်သူကတိုက်ခိုက်တာကို မရှောင်တတ်မတိမ်းတတ်ရင်၊ ကိုယ့်ဘက်က ရန်သူ့ကို ထိမိအောင်မတိုက်ခိုက်နိုင်ရင်အလကားပါပဲ။ ပြောချင်တာက skill ကျကျဆော့တတ်ဖို့လိုပါတယ်။ skill ကျကျနဲ့ rpg ဂိမ်းကောင်းလေးတစ်ခုဆော့ချင်တယ်ဆို ဒီဂိမ်းလေးဆော့ကြည့်ဖို့ အကြံပြုချင်ပါတယ်။
The Legend of Zelda download link (65.85mb)
https://www.emulatorgames.net/roms/nintendo/zelda-the-legend-of-zelda/
Nostalgia NES emulator download link (3.3mb)
https://play.google.com/store/apps/details?id=com.nostalgiaemulators.neslite
Stay home, stay save
Other Videos By MANUTHA GAMING
Other Statistics
The Legend of Zelda Statistics For MANUTHA GAMING
MANUTHA GAMING presently has 600 views for The Legend of Zelda across 1 video, with his channel publishing less than an hour of The Legend of Zelda content. This is less than 0.47% of the total video content that MANUTHA GAMING has uploaded to YouTube.